ဂျပန်က မြန်မာအကြွေး ဒေါ်လာ ၃.၇ ဘီလီယံခန့် လျှော်ပေး
This article has been converted from Zawgyi One to Unicode
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် တင်ရှိနေသောအကြွေး ယန်း ၃၀၀ ဘီလီယံ(ဒေါ်လာ ၃.၇ ဘီလီယံခန့်)ကို လျှော်ပေးလိုက်ပြီး ဖွံ့ဖြိုး ရေးဆိုင်ရာ အကူအညီများကိုလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း အကြွေးငွေကို လက်ငင်းတွင် ယန်း ၁၂၇.၄ လီလီယံ လျှော်ပေးခြင်းဖြစ်ပြီး ကျန်ငွေကို မြန်မာနိုင်ငံတွင်း ပြုလုပ်နေသည့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို တနှစ်စောင့်ကြည့် လျှော်ပေးမည့် ၂ ရစ်ခွဲ အစီအစဉ်ဖြစ်ကြောင်း၊ ထိုသို့ လျှော်ပေးခြင်းကို စနေနေ့က ဂျပန် ဝန်ကြီးချုပ် Yoshihiko Noda နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ် ကြောင်း AP သတင်းက ရေးသားသည်။ သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်တွင် ယမန်နှစ်က ဆူနာမီ ကျရောက် ပြီးနောက် လျှပ်စစ် ဓာတ်အား ထိန်းသိမ်းသုံးစွဲမှုနှင့် ပတ်သက်ပြီး သိရှိရန် ယမန်နေ့က လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို သွားရောက် လေ့လာကြောင်းလည်း သိရသည်။