သတင်းတို
တပ် ကိုယ်စားလှယ် ၆၀ နီးပါး အစားထိုး
This article has been converted from Zawgyi One to Unicode
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၆၀ နီးပါး ကို အစားထိုး လဲလှယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ပြည်သူ့လွှတ်တော်မှ ၃၉ ဦး ၊ အမျိုးသား လွှတ်တော်မှ ၂၀ တပ်မတော်သား ကိုယ် စားလှယ်များကို လဲလှယ်ခြင်း ဖြစ်သည်။ ယင်း ကိုယ်စားလှယ် ၅၉ ဦးသည် ဗိုလ်မှူး အဆင့်ရှိသူများဖြစ်ပြီး အသစ် အစားထိုးသူများ မှာ ဒု ဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ် အဆင့်အထိ ပါဝင်ကြောင်း ကြေညာချက်တွင် တွေ့ရှိရသည်။ လွှတ်တော် ၂ ရပ်ပေါင်း စစ် တပ် ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားသည်။