သတင်းတို
အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းဖွဲ့ရန် စီစဉ်
This article has been converted from Zawgyi One to Unicode
အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဧပြီ ၂၂ရက်က မန္တလေးမြို့တွင် ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ဝန်းကျင်က စတင်၍ နှစ်ပေါင်းများစွာ ဖွဲ့စည်းတည်ရှိခဲ့သည့် အထက်ဗမာနိုင်ငံ စာရေး ဆရာအသင်းကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်ပြီး အထက်ဗမာနိုင်ငံစာရေး ဆရာအသင်း၏ ရည်ရွယ်ချက်သဘောထားများကို ဆက် ခံ ကျင့်သုံးမည်ဟု ဆိုသည်။ တမျိုးသားလုံးနှင့် သက်ဆိုင်သော စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးကိစ္စများတွင် သဘောထား ထုတ်ပြန်ရပ်တည်ခြင်း၊ ကာကွယ်ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး စာပေယဉ်ကျေးမှုနှင့် သက် ဆိုင်သော စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာတမ်းထုတ်ဝေခြင်းများလည်း ဆောင်ရွက်မည်ဟု CJ Myanmar မှ သိရှိရသည်။