ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ယခုသီတင်းပတ်အကုန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘန်ကီမွန်း သည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် တကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။