AFP သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် ဓာတ်ပုံသတင်းထောက် စိုးသန်းဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံစီးရီးဖြင့် ဟောင်ကောင်မှ လူ့အခွင့်အရေးသတင်းဆု၊ ဓာတ်ပုံသတင်းကဏ္ဍတွင် ရွေးချယ်ချီးမြှင့် ခံရကြောင်းသိရသည်။ နိုင်ငံခြားသတင်းထောက်များကလပ်၊ ဟောင်ကောင် သတင်းစာဆရာများအသင်းနှင့် ဟောင်ကောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ ပူးတွဲကျင်းပ ပေးအပ်သည့် ၁၆ ကြိမ်မြောက် နှစ်ပတ်လည် ပြိုင်ပွဲသို့ ဟောင်ကောင်၊ မကာအိုနှင့် အာရှရှိ နိုင်ငံခြားသတင်းထောက်များက သတင်းမီဒီယာ ထုတ်လုပ်မှု ၂၂၆ ခု ပေးပို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ဓာတ်ပုံသတင်းပညာကဏ္ဍတွင် တခြားဆုရရှိသူနှစ်ဦးမှာ အီရန်အခြေစိုက်နှင့် ပါကစ္စတန် အခြေစိုက်တို့မှ ဓာတ်ပုံသတင်းထောက်များ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။