သတင်းတို
ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ဆေးမှုဖြင့် ထိုင်းက ဆုငွေထုတ်
This article has been converted from Zawgyi One to Unicode
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Office of the Narcotics Control Board (ONCB ) အဖွဲ့က ဆုငွေ ထိုင်းဘတ် ၁၀ သိန်း ထုတ်လိုက်သည်။ ထိုင်းနိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံမှ နော်ခမ်း၊ ယင်ဆေး၊ ဗိုလ်နှုတ်ခမ်းမွေး အပါအဝင် ၂၅ ဦးတို့ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အတူ ONCB ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။