ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို တနှစ် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ယမန်နေ့က ကနေဒါ ပါလီမန်တွင် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ သို့သော် စစ်လက်နက်ပစ္စည်း ရောင်း ဝယ်မှု ပိတ်ဆို့ခြင်းကိုမှု ဆက်လက် ထားရှိဦးဖြစ်ကြောင်း ကနေဒါက လာသော သတင်းများက ဆိုသည်။ John Baird သည် ယမန် နှစ်က မြန်မာနိုင်ငံသို့သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သေးသည်။ EU ကလည်း မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုကို တနှစ် ဆိုင်းငံ့ကြောင်း တနင်္လာနေ့က EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။