• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်

by အောင်သက်ဝိုင်း
25 April 2012
in သတင်း
A A
ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်

ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသည့် မဲင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - Reuters / Soe Zeya Tun)

4.8k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။

ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသည့် မဲင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - Reuters / Soe Zeya Tun)

NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
209
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
5
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
583

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။

“ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအဝင် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။

“ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။

“ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်” ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။

ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။

“၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။

Your Thoughts …
အောင်သက်ဝိုင်း

အောင်သက်ဝိုင်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
93.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း စစ်တမ်းကောက်

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း စစ်တမ်းကောက်

ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းက ဆုငွေ ဘတ် ၁ သန်းထုတ်

ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းက ဆုငွေ ဘတ် ၁ သန်းထုတ်

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate