အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် က မကြာသေးခင်က စတင်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်သွားနိုင်ခြေရှိကြောင်း ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင်း၌ အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲဖြစ်၍ ရင်းနှီးမြုှပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်ပြီး လျှော့ချပေးမှုများကို သတိထားသင့်ကြောင်း လည်း ကာ့တ် ကမ်းဘဲလ် က ပြောသည်ဟု AP သတင်းတွင် ရေးထားသည်။ ယမန်နေ့က ကျင်းပ သော အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒ ကြားနာပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။