သတင်းတို

အီတလီနိုင်ငံခြားရေး ဝန်ကြီးနှင့် ၈၈ ကျောင်းသားများ တွေ့

This article has been converted from Zawgyi One to Unicode

အီတလီ နိုင်ငံခြားရေး ဝန်ကြီး Mr. Giulio Terzi di Sant’Agata နှင့် ၈၈ မျိုးဆက် ကျောင်းသားများဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ (ကိုကျော်မင်းယု) တို့ ၅ ဦးသည် ယမန်နေ့ ၁၁ နာရီခွဲက ရန်ကုန်မြို့ရှိ အီတလီသံရုံး ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချက် အသေးစိပ်ကို နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

Loading