ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် လာမည့် ဇွန်လအတွင်း ရုံးပြန်ဖွင့်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်ရုံးကို လွန်ခဲ့ သည့် နှစ်၂၀ ခန့်က ရပ်နားထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေး အစီအစဉ်များလည်း ရှိကြောင်း၊ လိုအပ်သည့် အချက်အလက်သစ်များ ကောက်ယူစုဆောင်းမည် ဖြစ်ကြောင်း၊ ထိုအစီအစဉ်များ မဆောင်ရွက်ခင် မြန်မာ အစိုးရအနေနှင့် ကြွေးမြီကိစ္စရှင်းရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ပြောသည်ဟု AP သတင်းက ဖော်ပြသည်။ မြန်မာ နိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးချေရန် အကြွေး ဒေါ်လာ ၃၉၃ သန်းရှိပြီး အာရှဖွံ့ဖြိုးရေး ဘဏ်သို့လည်း ဒေါ်လာ သန်း ၅၀၀ ခန့် ပေးရန် ရှိသည်ဟုလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။