အစိုးရသစ်က ပုဂ္ဂလိက အာမခံကုမ္ပဏီများ တည်ထောင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အာမခံကုမ္ပဏီ တည်ထောင်လိုသူများသည် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် ဆက်သွယ်၍ မေလ ၂ ရက်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ပါရှိသည်။ ပြည်တွင်းလုပ်ငန်းရှင်များကိုသာမက ပြည်ပကုမ္ပဏီများကိုလည်း ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး အာမခံလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများ အတိုင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။