မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ဦးတည်သည့် အပြောင်းအလဲများကို အားပေးသည့်အနေနှင့် မြန်မာနှင့် ကုန်သွယ်ကူးသန်းမှု၊ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်က ဗြိတိန်နိုင်ငံကို တိုက်တွန်း လိုက်သည်။ ဗြိတိန်နိုင်ငံသည် ၎င်း၏ မြန်မာနှင့် ကုန်သွယ်ကူးသန်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရေး မူဝါဒကို အဆုံးသတ်သင့်ကြောင်း၊ ယခုအချိန်သည် အချိန်ကိုက် ပင်ဖြစ်ကြောင်း ယမန်နေ့က စင်္ကာပူနိုင်ငံ၌ ပြောကြားသည့် မိန့်ခွန်းတွင် ဝီလျံ ဟိတ်ကထည့်သွင်း ပြောဆိုသွားသည်ဟု AP သတင်း က ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။