တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် တည်ဆောက်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အဓိကလုပ်ကိုင်နေသော ထိုင်း နိုင်ငံအခြေစိုက် Italian-Thai Development ကုမ္ပဏီက လာမည့် ၂၀၁၂ ခု နှစ်ကုန်ပိုင်း၌ ရင်းနှီးမြှုပ်နှံနေသည့်လုပ်ငန်းများ ရုပ် သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ ထားဝယ်တွင် သံမဏိ စက်ရုံ တည်ဆောက်ရန် လျာထားသည့် မြေနေရာကိုလည်း လာမည့် ၂ လ ၊ ၃ လအတွင်း ပြန် လည်ရောင်းချမည်ဖြစ်ကြောင်း Italian-Thai Development ကုမ္ပဏီ အကြီးအကဲ Premchai Karnasuta က အစုရှယ်ယာဝင်များ အစည်းအဝေးတွင် ပြောကြားသည်ဟု Reuters သတင်းတွင် ယနေ့ ဖော်ပြထားသည်။ မြန်မာ အစိုးရက ထားဝယ်ဒေသရှိ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေး စက်ရုံကို ရပ်နားလိုက်၍ Italian-Thai ကုမ္ပဏီ ၏ အစီအစဉ်များ မရေမရာ ဖြစ်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် Italian-Thai ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံရန်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။