အစိုးရ တပ်များနှင့် KIA တပ်များ အကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၈ ရက်က စတင်၍ ကချင်ပြည်နယ် ပန်ဝါ ဒေသ ရှိ KIA တပ်ကို အစိုးရတပ်က တိုက်ခိုက်လျက်ရှိကြောင်း KIA အဆိုအရ သိရသည်။ အစိုးရဘက်က လူ အင်အား၊ လက်နက်အင်အား နှင့် ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် သယ်ပို့လျက်ရှိသည် ကို ဒေသခံများကမြင်တွေ့ရသည်ဟု ဆိုသည်။ ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် အထူး အိပ်စင်ရထား ယမန်နေ့ နံနက်ပိုင်းက အတွဲ ၈ တွဲ လမ်းချော်၍ လူ ၂ ဦး ထိခိုက်ရရှိသည့် မိုင်းကွဲမှုသည် KIA လက်ချက်ဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက်ကလည်း မိုးမောက်မြို့ နယ် ကုန်းနှောကျေးရွာကို KIA ကလက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။