မြန်မာနိုင်ငံသို့ လာရောက်သူများအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ စီးပွားရေး ဗီဇာကိုလည်း ဆိုက်ရောက် ဗီဇာ အဖြစ် ဇွန် ၁ ရက်နေ့မှ စတင် ထုတ်ပေးမည်ဖြစ်ရာ နေထိုင်ခွင့် ရက် ၇၀ ရရှိမည်ဖြစ်ပြီး ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၀ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက နေပြည်တော်၌ ယမန်နေ့က ကျင်းပသော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ လတ်တလောတွင် အာဆီယံ နိုင်ငံများအတွက် ဆိုက်ရောက်ဗီဇာ ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။