ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းပြီး တဖွဲ့တည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် အစိုးရ မီးရထား ဝန်ကြီး ဦးအောင်မင်းက ယမန်နေ့က နေပြည်တော်၌ ကျင်းပသော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခြင်းဖြစ်သည်။ ယခင်က ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့ဟူ၍ ၂ ဖွဲ့ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။