လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ လွှတ်တော် အမတ်များအား ပြင်းထန်စွာ ပြောဆို ဝေဖန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တောင်းပန်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်းက Hot News ဂျာနယ်တွင် လက်ရှိလွှတ်တော်အမတ်များသည် လက်ညှိုးထောင်ခေါင်းညိတ် စာမတတ်ပေမတတ်များဖြစ်ကြောင်း စသည်ဖြင့်ပြောဆိုခဲ့ခြင်းအား လွှတ်တော်အမတ်များက မကျေနပ်၍ ယင်း အမှားအတွက် ဝန်ချတောင်းပန်ရန် လွှတ်တော် အခွင့်အရေး ကော်မတီသို့ တိုင်ကြားထားပြီး မတောင်းပန်ပါက လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံရမည်ဖြစ်သည် လွှတ်တော် အမတ် များက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။