မွန်ပြည်သစ်ပါတီ (NMSP) မှ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသော နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ ၂ ဦးကို အစိုးရ က NMSP သို့ ယနေ့ ပြန်လည် လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် အစိုးရ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့က NMSP ဥက္ကဌ နိုင်ထောမွန် ထံသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။ နိုင် ယက္ခနှင့် နိုင်မျိုးသွေးတို့သည် NMSP ဗဟိုကော်မတီဝင်နှင့် ခရိုင်ကော်မတီဝင်များဖြစ်ပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်းက ဖောက် ခွဲရေး အမှုဖြင့် စွပ်စွဲ ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။