မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဖမ်းဆီရန် ထိုင်းအစိုးရက ဘတ်ငွေ ၁၀ သိန်း ဆုငွေထုတ်ခြင်းကို ထိုင်းနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးတာဝန်ရှိသူ ထိုင်း ဒုဝန်ကြီးချုပ် မဖြေရှင်းပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ကြောင်း ဆုငွေထုတ်ခံရသူ DKBA မှ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောဆိုလိုက်သည်။ အခြေအနေမှန်ကို သိရှိရန် လာရောက် စစ်ဆေးနိုင်ကြောင်း၊ မဟုတ်မှန်ပါက အမည်ပျက်စာရင်းမှ ထုတ်ပေးရမည်ဖြစ်ကြောင်း ယမန်နေ့က DKBA ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။ ဗိုလ်မှူးချုပ် စောလားပွယ် လာရောက်အဖမ်းခံခြင်းမှလွဲ၍ တခြားနည်းလမ်းမရှိဟု ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းရုပ်သံမှ ပြန်လည် တုံ့ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။