ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day 2012) အခမ်းအနားကို ရန်ကုန်မြို့ Central Hotel ၌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ Myanmar Journalists Association Organizing Committee (MJA)က ယနေ့ကျင်းပမည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေထားသည်။ ယင်းအခမ်းအနားသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ နှစ်စဉ် မေလ ၃ ရက်နေ့ကို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ၁၉၉၃ ခုနှစ်တွင် စတင် သတ်မှတ်ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။