ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ Myanmar Golden Star(MGS) အချိုရည်စက်ရုံ၌ အလုပ်သမား ၃၀၀ ကျော်က လုပ်အားခ တိုးမြှင့် ရရှိရေးအတွက် ယမန်နေ့က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ၎င်းတို့၏ လုပ်အားခကို အစိုးရဝန်ထမ်းများကဲ့သို့ တလလျှင်ကျပ် ၃၀၀၀၀ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီမှ တိုးပေးခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ယင်း အလုပ် သမားများအား ကူညီဆောင်ရွက်ပေးနေသူ ၈၈ မျိုးဆက် ကျောင်းသားများ ပါတီ ၏ ခေါင်းဆောင် ဦးအေးလွင်က ပြောသည်။ ဆန္ဒပြသည့် နေရာသို့ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးခဲ့သော်လည်း အလုပ်သမားများ၏ တောင်း ဆိုချက်နှင့် ကိုက်ညီမှု မရှိ၍ ယနေ့ ညနေတွင် ထပ်မံဆန္ဒပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။