ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခများကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် ယင်းဒေသသို့ သွားရောက် ရင်နှီးမြှုပ်နှံလုပ် ကိုင်ခြင်းများ၊ ခရီးသွားလာခြင်းများ ရှောင်ရှားရန် တရုတ်စီးပွားရေးရာ ဝန်ကြီးဌာနက ယမန်နေ့တွင် သတိပေး ပြောကြားလိုက် သည်။ အစိုးရနှင့် KIA တပ်ဖွဲ့များအကြား စစ်ရေးတိုက်ခိုက်နေမှုများအပြင် မီးရထားများကို မိုင်းခွဲတိုက်ခိုက်မှုများ စသည့် လုံခြုံရေး စိတ်မချရသည့် အခြေအနေများကို အစိုးရ သတင်းများ၌ ဆက်တိုက် ဖော်ပြနေသည်ဟုလည်း ဆင်ဟွာ သတင်းတွင် ရေး ထား သည်။ ယနေ့ထုတ်အစိုးရ သတင်းစာများတွင်လည်း ဧပြီ လကုန်ပိုင်းက ပန်ဝါရှိ နယ်ခြားစောင့် တပ်ဖွဲ့ဌာနချုပ်ကို KIA က သိမ်း ပိုက်နိုင်ရန် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ၂ ဘက် ဒဏ်ရာရ အကျအဆုံးများ ရှိခဲ့သည်အထိ ပြင်းထန်ခဲ့သော်လည်း KIA ဘက်က ဆုတ်ခွာသွားခဲ့ရကြောင်း ဖော်ပြထားသည်။ မေ ၃ ရက်အထိ KIA ဘက်မှ လက်နက် ၁၄ လက်၊ ခဲယမ်းနှင့် မိုင်းအမြောက်အမြား သိမ်းဆီးရမိ၊ အလောင်း ၂၉ လောင်းနှင့် တဦး အရှင်ဖမ်းမိကြောင်း၊ အစိုးရတပ်ဘက်က စစ်သည် ၂ ဦး ကျဆုံးပြီး အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ပါရှိသည်။ မေ ၁ ရက်နှင့် ၂ ရက်အတွင်း KIA က ကချင်ပြည် နယ် အတွင်းရှိ တံတား ၃ စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း အစိုးရသတင်းစာက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။