ခေါင်းမာဂိုဏ်းသားဟု အများက ယူဆကြသည့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ မေလ ၃ ရက်နေ့တွင် ထွက်စာတင်လိုက်ကြောင်း သိရသည်။ VOA မြန်မာပိုင်း သတင်းကို ကိုးကား၍ Reuters သတင်းဌာက ဖော်ပြသော်လည်း အတည်ပြုချက် မရသေးဟု ရေးသားထားသည်။ ဧရာဝတီက စုံစမ်းသိရှိချက်အရ အသက် ၆၁ နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်မြင့်ဦးသည် စင်ကာပူ၌ ဆေးစစ်ရာတွင် ကင်ဆာလက္ခဏာ တွေ့ရပြီး၊ မျက်လုံးအမြင်အာရုံလည်း ချွတ်ယွင်းနေကြောင်း၊ ယင်းကျန်းမာရေး အားနည်းချက်များကို အကြောင်းပြု၍ ထွက်စာတင်ခြင်းဖြစ်ကြောင်း သိရသည်။ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ရွေးခြယ်တင်မြှောက်မှုဖြင့် ဦးတင်အောင်မြင့်ဦး ဒုသမ္မတ ဖြစ်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။