တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကို ဦးသိန်းစိန် က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါဝင်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ရထားဝန်ကြီး ဦးအောင်မင်း အပါအဝင် ၅၂ ဦးပါဝင်ကြောင်းနှင့် ယခင် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ် သော ဦးအောင်သောင်း ပြန်လည် ပါဝင်လာခြင်း မရှိကြောင်း သမ္မတ ရုံး အသိုင်းအဝိုင်းမှ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။