သတင်းတို

နိုင်ငံသားတိုင်း ကားတင်သွင်းခွင့် ရတော့မည်

This article has been converted from Zawgyi One to Unicode

နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ထားသူ နိုင်ငံသားတိုင်း မည်သူမဆို ပြည်ပမှ ကားတင်သွင်းခွင့်ပြုလိုက်သည်။ ခရီးသည်တင် ဘတ်စ် ကားမှ လွဲ၍ ၂၀၀၇ ခုနှစ် အထက် မော်ဒယ်များကို တင်သွင်းခွင့် ပြုခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အငှားယာဉ် (Taxi) များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိကြောင်း ယမန်နေ့က ကျင်းပသော မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာကြီးကြပ်ရေးကော်မတီ အစည်းအဝေး၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်ကို ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ထို ကားတင်သွင်းခွင့် သတင်းကြောင့် ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ကျဆင်းသွားကြောင်း သတင်းများလည်း ရရှိသည်။

Loading