မန္တလေး တောင်မြင့်သုသာန်နှင့် မီးသင်္ဂြိုဟ်စက်ကို မေ ၁ ရက်နေ့က စတင် ဖျက်သိမ်းခဲ့ပြီး တောင်အင်း၊ မြောက်အင်း သုသာန်သို့ ပြောင်း ရွှေ့ဆောင်ရွက်ကြရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက တရားဝင် အသိ ပေးလိုက်ပြီ ဖြစ်သည်။ တောင်အင်း၊ မြောက်အင်း သုသာန်တွင် မီးသင်္ဂြိုဟ်စက် ၁ လုံး ထားရှိကာ မီးသင်္ဂြိုဟ်ခ အနေဖြင့် လူကြီး ၁ ဦး ကျပ် ၁၆၀၀၀၊ ၁၂ နှစ်အောက် ကလေး ၁ ဦး ကျပ် ၈၀၀၀၊ အအေးခန်း တရက်ထားရှိခ ကျပ် ၂၅၀၀၊ ခန်းမ တနာရီငှားရမ်းခ ကျပ် ၁၀၀၀၀နှင့် ခန်းမအတွင်း ထိုင်ခုံတလုံး တနာရီငှားရမ်းခ ကျပ် ၅၀ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။