သတင်းတို

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိ

This article has been converted from Zawgyi One to Unicode

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရက တရားဝင်ထုတ်ပေးသော နိုင်ငံကူးလက်မှတ်ရရှိပြီ ဖြစ်သည်။ ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ လာရောက် ပေးအပ်သွားခြင်းဖြစ်သည်ဟု NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည်၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရရှိခြင်းဖြစ်ပြီး ဇွန် လအတွင်း နော်ဝေနှင့် ဗြိတိန် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း သိရသည်။

Loading