သတင်းတို

SNLD ပြန်လည် တည်ထောင်ခွင့်ပြု

This article has been converted from Zawgyi One to Unicode

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီအဖြစ် ပြန်လည် တည်ထောင်ခွင့်ပြုကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ပါတီတည်ထောင် ခွင့် လျှောက်ထားရာ၌ ဦးခွန်ထွန်းဦး ပါ ၁၅ ဦးက လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ ဦးခွန်ထွန်းဦးသည် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံ ထားရပြီး ဇန်နဝါရီလအတွင်းက သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက် လာသူ ဖြစ်သည်။ SNLD ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း မရှိ၍ ဖျက်သိမ်းကြောင်း ၂၀၁၀ ပြည့် စက်တင်ဘာလ အတွင်း က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယ အများဆုံး အနိုင်ရ ပါတီဖြစ်သည်။

Loading