ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ လက်မှတ်များကို ဖယောင်းသုတ်သည်ဟူသော NLD ၏ စွပ်စွဲချက်သည် မမှန်ကန်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် အပါဝင် စွပ်စွဲထားသည့် ၁၀ မြို့နယ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်၍ စစ်ဆေးချက်များအရ ဆန္ဒမဲ လက်မှတ် များတွင် ဖယောင်းသုတ်သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိ၍ မမှန်မကန်တိုင်ကြားသူကို အရေးယူနိုင်ကြောင်း၊ လိုအပ်ပါက အရေးယူနိုင် ရန် သက်ဆိုင်ရာ ပါတီကို ခေါ်ယူ အသိပေး ရှင်းလင်းပြီး ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။