အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ကို ဖွဲ့စည်းကြောင်း ယမန်နေ့က ကြေညာလိုက်သည်။ ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ဦးဉာဏ်ဝင်းက အတွင်းရေးမှူးဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ကိုမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်ခင်စောမူတို့ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။