ယခုလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ရေး အားပေးကူညီပြောဆိုရန် အိန္ဒိယရှိ မြန်မာ့အရေး လှုပ်ရှားသူများက တိုက်တွန်းပြောဆိုလိုက်သည်။ မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယပါလီမန် အမတ်များအဖွဲ့၊ အိန္ဒိယ လူမှုရေးအဖွဲ့များနှင့် အိန္ဒိယအခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ စာပေးပို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။