လှိုင်သာယာ မြို့နယ်ရှိ High Art ဆံပင်တု စက်ရုံ အလုပ်သမား ၁၅၀၀ ကျော်သည် အခြေခံလစာ ၈ ထောင်ကျပ် အစား ၃ သောင်း ကျပ်အထိ တိုးမြှင့်ပေးရန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးရှေ့တွင် အလုပ်ရှင်၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို မနက် ၉ နာရီကျော်မှ စတင်ကာ မွန်းလွဲ ၂ နာရီအထိ အမိုးအကာမဲ့ လမ်းမပေါ်တွင် စောင့်ဆိုင်းနေကြကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမား ခေါင်းဆောင်တဦးက “သူတို့ဘက်က အချိန်ဆွဲပြီး ဆွေးနွေးနေတာဟာ နေပူထဲမှာ အစာငတ်ရေငတ်နဲ့ စောင့်ဆိုင်းနေကြတဲ့ ကျမတို့ အလုပ်သမားတွေကို တမင်ညှဉ်းဆဲနေတယ်လို့ ထင်တယ်” ဟု ပြောသည်။
သုံးပွင့်ဆိုင် ဆွေးနွေးမှုတွင် အလုပ်သမားခေါင်းဆောင် ၇ ဦးက ဦးဆောင် ဆွေးနွေးနေကြပြီး ပြေလည်မည့်အချိန်ကို မသိရှိရသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။