သတင်းတို

ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု အောင်မြင်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ High Art ဆံပင်တု စက်ရုံနှစ်ရုံမှ အလုပ်သမား ၁၈၀၀ က အခြေခံလစာ တိုးပေးရေးနှင့် လုပ်ငန်းခွင်အတွင်း အလုပ်သမား ခံစားပိုင်ခွင့်များရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင်ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
မူလကရရှိသော အခြေခံလစာ ၈ ထောင်ကျပ်ကို အလုပ်သမားများက ၃ သောင်းကျပ်ထိ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပါအဝင် အခြေခံတောင်းဆိုချက်များကို ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင် ၇ ဦးနှင့် စက်ရုံအလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူလိုက်ခြင်းဖြစ်သည်။

Loading