သတင်းတို

မူးယစ်ရာဇာ နော်ခမ်းကို တရုတ်သို့ လွှဲပြောင်း

This article has been converted from Zawgyi One to Unicode

တရုတ်၊ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပူးပေါင်း စုံစမ်း၍ ဖမ်းဆီးရမိထားသည့် မူးယစ်ရာဇာ နော်ခမ်းကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်း ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နော်ခမ်းအား ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရ သော် လည်း မည်သည့် နေရာမှ ဖမ်းဆီးမိခဲ့သည်ကို အာဏာပိုင်များက ပြောဆိုခြင်း မရှိကြောင်းလည်း ဆင်ဟွာသတင်း၌ ယနေ့ ရေး သား ထားသည်။ နော် ခမ်းကို လာအိုနိုင်ငံဘက်၌ လာအို စစ်တပ်က ပစ်ခတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြခဲ့ဖူးသည်။ ဧပြီ ၂၀ ရက်နေ့က နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(ONCB)က ဆုငွေ ထိုင်းဘတ်၂ သန်း ထုတ်ပြန် ထားသည်။ ယမန်နှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်းသွားလာနေသည့် တရုတ်ကုန်တင်သင်္ဘောကို ဝင် ရောက်စီးနင်းပြီး သင်္ဘောသား ၁၃ ဦး အား သတ်ဖြတ်ခဲ့မှုတွင် မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့က ပြုလုပ်ကြောင်း စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီး တရုတ်အာဏာပိုင်များက နော်ခမ်းကို အလိုရှိနေခဲ့သည်။

Loading