သတင်းတို

ဘုရားသုံးဆူ၌ ပစ်ခတ်မှုဖြစ်၊ တဦးသေဆုံး

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် ယမန်နေ့ညပိုင်းက အမည်မသိလက်နက်ကိုင်များ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။ မြို့ပေါ်တွင် မကြာခဏ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားသဖြင့် မြို့ခံများမှာ စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ဆိုသည်။ ယခုလ ၈ ရက်နေ့ကလည်း မြို့ပေါ် ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထမင်းဆိုင် တ ဆိုင်တွင် မြို့ခံ ၇ ဦးကို အမည်မသိလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးကာ ပြန်ပေးအဖြစ်ခေါ်ဆောင်သွားကြောင်းလည်း မြို့ခံများက ပြောသည်။

Loading