သတင်းတို

ဦးရွှေမန်း ဥရောပ ပါလီမန် လေ့လာ

This article has been converted from Zawgyi One to Unicode

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်အမတ် နှစ်ဦးပါဝင်သည့် လေ့လာရေးအဖွဲ့သည် ယမန်နေ့က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်သို့ သွားရောက် လေ့လာကြသည်။ ဥရောပသမဂ္ဂ(EU)ဥက္ကဋ္ဌ Herman Van Rompuy နှင့် EU နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton တို့ကိုလည်း တွေ့ဆုံကြောင်း၊ ဥရောပ ပါလီမန် ဥက္ကဌ  Martin Schulz က မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို အသိအမှတ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးကြရခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။ ဦးရွှေမန်းနှင့် အစိုးရ တာဝန်ရှိသူများသည် ဂျာမနီ နှင့် ဘယ်လ်ဂျီယံ နိုင်ငံ လွှတ်တော်များကို လေ့လာရန် မေလ ၆ ရက်က ခရီးစဉ်စတင်ခဲ့ခြင်း ဖြစ်သည်။ EU ရုံးခွဲကို မကြာသေးခင်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုအားလုံးနီးပါးကိုလည်း ဖယ်ရှားထားသည်။

Loading