သတင်းတို

ဘုရားသုံးဆူ ဓားစာခံများ လွတ်မြောက်လာ

This article has been converted from Zawgyi One to Unicode

အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော ဘုရားသုံး ဆူမြို့ခံ ၄ ဦး ယမန်နေ့ညနေပိုင်းက လွတ်မြောက် လာပြီး နေရပ်ရင်းသို့ ပြန်လည်ရောက်ရှိလာသည်။ ဖမ်းဆီးခံရစဉ် နှိပ်စက်ခြင်း၊ ငွွေတောင်းခြင်း လုံးဝမရှိကြောင်း၊ ကျန်းမာရေး ထိခိုက်မှုများလည်း မရှိကြောင်း လွတ်မြောက်လာသူများက ဧရာဝတီကို ပြောသည်။ လွတ်မြောက်လာသူများကို အာဏာပိုင်များက ခေါ်ယူစစ်ဆေးမေးမြန်း လျက်ရှိသည်ဟု ဆိုသည်။ မေလ ၈ ရက်နေ့က ဓားစာခံအဖြစ် ၇ ဦးကို ဖမ်းဆီးခဲ့ရာ ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး ယခုလွတ်လာသူ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Loading