အဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်ရန် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် မြန်မာအစိုးရတို့ သဘောတူညီမှုရရှိကြောင်း သတင်းရသည်။ မြန်မာနိုင်ငံကို ခေတ္တ ရောက်ရှိနေသော ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဂရက် ဗီးနက်စ် နှင့် တွေ့ဆုံရာ၌ တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မ ခိုင်းစေမှုများ ပပျောက်စေရန် တပ်မတော်ကို ညွှန်ကြားမည်ဟု ကတိပြုပြောဆိုလိုက်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)က ဖော်ပြသည်။ ပြီးခဲ့သည့် မေ လ ၁ ရက် အလုပ်သမားနေ့ အထိမ်းအမှတ်ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင်လည်း လာမည့် ၂၀၁၅ ခုနှစ်တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံး၀ ပပျောက်ရေးအတွက် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။