DKBA ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ် ကို ထိုင်းအစိုးရက မူးယစ်ရာဇာ စာရင်းသွင်းပြီးနောက် DKBA က ပိတ်ဆို့ခဲ့သော ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ကူးသန်းရေး ကူးတို့ဂိတ် ၁၂ ခုကို ယနေ့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကလို့ထူးဘော ကရင် အစည်းအရုံး(KKO)က ထုတ်ပြန်လိုက်သည်။ နှစ်နိုင်ငံပြည်သူလူထုအကျိုးကိုရှေးရှု၍ ယာယီပိတ်ထားသော နယ်စပ် ဂိတ်များ အားလုံးကို ကလို့ထူးဘော ကရင်အစည်းအရုံး (K.K.O) က ပြန်လည်ဖွင့်ပေးလိုက်သည် ဟု ကြေညာချက်တွင်ပါရှိသည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်း ဒု ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းက ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ရာဇာ စာရင်းသွင်း၍ ဆုငွေ ထိုင်းဘတ် ၁ သန်းထုတ်ပြန်ပြီးနောက် ထိုဂိတ်များကို DKBA က ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။