ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာရန် သမ္မတ ဦးသိန်းစိန်က ထပ်မံ ဖိတ်ခေါ်လိုက်သည်။ တိုင်းပြည် ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် ပြည်ပတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်မျိုးစုံလုပ်ကိုင်နေသူများ ပြန်လာကြရန် ဖိတ်ခေါ်လိုကြောင်း ယမန်နေ့က သမ္မတရုံးတွင် ကျင်းပ သော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲ၌ ဦးသိန်းစိန်က ပြောကြားခြင်းဖြစ်သည်။ ယမန်နှစ် သြဂုတ်လ အတွင်းကလည်း ပြည်ပရောက်များ ပြန်လာရန် ဦးသိန်းစိန်က ကမ်းလှမ်းခဲ့၍ တချို့ ပြည်တော်ပြန်ခဲ့ကြ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။