ရန်ကုန် နာရေး ကူညီမှုအသင်း၏ ဦးဆောင်သူ တဦးဖြစ်သော ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူအား ရုပ်ရှင်ရိုက်ခွင့် ၅ နှစ် ပိတ်ပင် ထားခြင်းကို ယခု ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ယင်းကိစ္စကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ရုပ်ရှင် အစည်းအရုံး က ကြားဝင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုကာလ၌ သံဃာတော်များအား ဆွမ်းကပ်သောကြောင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ဦးကျော်သူက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။