သတင်းတို
ရွှေဝါရောင် တော်လှန်ရေး ဖိနှိပ်ခံရမှု လွှတ်တော်သို့ တိုင်ကြားနိုင်
This article has been converted from Zawgyi One to Unicode
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး ကာလအတွင်း အဖိနှိပ်ခံခဲ့ရသော ရဟန်းသံဃာများနှင့် ကျောင်းသားပြည်သူများ အနေနှင့် တွေ့ကြုံခံစားရသည့် အဖြစ်အပျက်များကို လွှတ်တော်သို့တိုင်ကြားပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဂျမနီနိုင်ငံတွင်လေ့လာရေး ခရီးရောက်ရှိနေသော အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေး နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က လွတ်လပ်သည့် အာရှအသံ RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခြင်း ဖြစ်သည်။