သတင်းတို
ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော
This article has been converted from Zawgyi One to Unicode
ကချင်ဒေသတွင် ပြုလုပ်နေသော အစိုးရတပ်များ၏ ထိုးစစ်များ တလအတွင်း မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ မရုပ် သိမ်းရန် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့်(UNFC) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ UNFC ကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များဖြစ်သော KIO , KNU , SSA , NMSP , KNPP, CNF အဖွဲ့၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေး လှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။