အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် SSA-S တို့ ယခုလ ၁၉ ရက်နေ့၌ ကျိုင်းတုံမြို့တွင် နယ်မြေ သတ်မှတ်မှု ခိုင်မာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း SSA-S နှင့် အစိုးရတပ်များ ယခုလ ၉ – ၁၀ ရက်နေ့များက SSA-S ထိန်းချုပ်ရာ ပင်လုံနှင့် ဟိုမိန်းမြို့နယ်များထဲတွင် နှစ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း SSA-S ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဧရာဝတီ သို့ ပြောသည်။ တိုက်ပွဲကြောင့် SSA-S ဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ အစိုးရ တပ်ဖက်တွင် ရှိမရှိ ကိုမူ မသိရသေးကြောင်း သူကဆက်ပြောသည်။ အစိုးရနှင့် SSA-S တပ်ဖွဲ့များ အချက် ၁၁ ချက်ပါ အပစ် အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။