တောင်ကိုရီးယား သမ္မတ လီမြောက်ဘက် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီး လာရောက်သည့်အတွက် ယနေ့တွင် ရန်ကုန်မြို့၌ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရသည်။ ၎င်းသည် နေပြည်တော်သို့သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး စီးပွားရေး နှင့် စွမ်းအင် ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှု၊ သဘာ၀ အရင်းအမြစ် ဖွံ့ဖြိုးမှု အပါအဝင် တခြားသော ကဏ္ဍများ နှင့် ပတ် သက်ပြီး ဆွေးနွေးရန် ရှိကြောင်း၊ အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း AP သတင်း၌ ရေးသားထား သည်။ လီမြောက်ဘက်သည် ၁၉၈၃ ခုနှစ်က အာဇာနည်ကုန်းတွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် ဝန်ကြီးများကို မြောက် ကိုရီးယား ကွန်မန်ဒိုများ က ဗုံးခွဲ တိုက်ခိုက်မှု နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်သည့် ထိပ်ပိုင်းခေါင်းဆောင် တဦး ဖြစ် သည်။ ဗုံးခွဲ တိုက်ခိုက်မှု၌ သမ္မတ ချန်ဒူးဝမ် သေ ဆုံးခြင်း မရှိသော်လည်း ဝန်ကြီး ၄ ဦး အပါအဝင်၂၁ ဦး သေဆုံးကြောင်း သတင်း များတွင် ဖော်ပြခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။