မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှု ယခင်ထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာဖွယ် ရှိသည်ဟုလည်း အာရှ-ပစိဖိတ် ခရီးသွား အဖွဲ့(PATA)က ဆိုသည်။ ကမ္ဘာလှည့် ခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအပြင် စားသောက်ဆိုင်များ၏ ဧည့် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ နိုင်ငံတကာ အဆင့်မီရန် ခရီး သွားလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန နှင့် အားကစား ဝန်ကြီး ဦးတင့်ဆန်းကလည်း ပြောဆိုထားသည်။ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဧည့်ဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားသွားခြင်း ဖြစ်ကြောင်း မြန်မာ့အလင်း တွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။