သတင်းတို

မြောက်ကိုရီးယားနှင့် နျူကလီးယားကိစ္စ ဦးသိန်းစိန် ငြင်းဆို

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာက သံသယရှိနေသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယား ထံမှ နျူကလီးယား စီမံကိန်းအပါအဝင် စစ်ရေး အကူအညီ ရယူခြင်း မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံ ငြင်းဆိုလိုက်သည်။ ယမန်နေ့က တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင် ဘက် နှင့် တွေ့ဆုံရာတွင် ဦးသိန်းစိန်က ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က အမေရိကန်အပါအဝင် နိုင်ငံတကာက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများထုတ်ဖော်ပြသခဲ့ရာ မြန်မာကလည်း ငြင်းဆိုထားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာ၍ ဖမ်းဆီးထားသည့် တောင်ကိုရီးယားသို့ သွားရောက် မည့် မြောက်ကိုရီးယားမှ ဒုက္ခသည်ကိုလည်း ပြန်လွှတ်ပေးရန် ဦးသိန်းစိန် က ကတိပြုကြောင်း ကိုရီးယား သတင်းတွင် ဖော်ပြ ထား သည်။

Loading