တနင်္သာရီတိုင်း ကော့သောင်းမြို့ ကော့သောင်း ကျောက်မီးသွေး စက်ရုံအား ပြောင်းရွှေ့ပေးရန် ဒေသခံများက သမ္မတထံ ဧပြီ လ ကုန်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ ကျောက်မီးသွေး စက်ရုံသည် ပုဂ္ဂလိကစက်ရုံ တခုဖြစ်ပြီး တည်ဆောက်မှု ပြီးစီး တော့မည်ဟု သိရသည်။ မရပ်ဆိုင်းပါက ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ကြောင်း၊ စက်ရုံသည် လူနေအိမ်ခြေများနှင့် နီးကပ်နေ သည့်အတွက် မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။