သတင်းတို
မန္တလေး တိရစ္ဆာန်ဥယျာဉ် ဝင်ကြေးတိုးမြှင့်၍ လာရောက်သူနည်းပါး
This article has been converted from Zawgyi One to Unicode
မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် ဝင်ကြေးများ နှစ်ဆခန့် တိုးမြှင့်လိုက်မှုကြောင့် ဒေသခံများ လာရောက်ကြည့်ရှု အပန်းဖြေခြင်း နည်းပါးသွားကြောင်း သိရသည်။ ဧပြီလမှစတင်ပြီး ဝင်ကြေးများမှာ လူကြီးတဦး ၁၀၀၀ ကျပ်နှင့် ကလေးတဦး ကျပ် ၅၀၀ ပေး ရကြောင်း၊ ယခင်က လူကြီး တဦး ကျပ် ၅၀၀ ၊ ကလေး တဦး ကျပ် ၂၀၀ ကောက်ခံခြင်းဖြစ်ပြီး အစိုးရပိုင် ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့် နှစ်တွင် ထူး ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဝင်ကြေးများကို တိုးမြှင့် ကောက်ယူခြင်း ဖြစ်ကြောင်း မန္တလေးဒေသခံ တဦးက ပြောပြသည်။